Tuesday, October 18, 2011

မြန်မာသင်္ဘောသားများ လိုင်စင်အတုများကိုင်ဆောင်မှုဖြင့် တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရ

..



မြန်မာသင်္ဘောသား အယောက် ၂၀ ခန်.ကို သင်္ဘောသားလိုင်စင်အတုများ နဲ. တရုတ်နိုင်ငံဆိပ်ကမ်းတစ်ခု မှာ ဖမ်းဆီးလိုက်တယ်လို.ဆိုပါတယ်။ ၎င်းတို.ဟာ အခွန်ရှောင်ဖို.ရည်ရွယ်ချက်နဲ. သင်္ဘောလိုက်ခွင့် လိုင်စင် အတုများကို ကိုင်ဆောင်တာဖြစ်တယ်လို.ဆိုပါတယ်။ မြန်မာသင်္ဘောသားများဟာ လိုင်စင်အတုများအတွက် ဒဏ်ကြေးငွေအဖြစ် ယွမ်ငွေ ၁၅၀၀ ( အမေရိကန်ဒေါ်လာ ၂၃၅) ပေးဆောင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရှန်ဟိုင်းဆိပ်ကမ်းကို အရှေ.တောင်အာရှမှ သင်္ဘောသား ၅၀၀၀ ခန်.နှစ်စဉ်ဝင်ထွက်လျှက်ရှိပြီး ၃၀% ကတော့ လိုင်စင်အတုများကိုင်ဆောင်ထားတာလို.ဆိုပါတယ်။ မြန်မာသင်္ဘောသားတွေက သူတို. နိုင် ငံခြားမှာ အလုပ်လုပ်တာကိုဖုံးကွယ်ဖို.အတွက် လိုင်စင်အတုများကိုကိုင်ဆောင်တာဖြစ်ပြီး လိုင်စင်အတုတစ် စောင်အတွက် ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀ အောက်မှာပဲရှိပါတယ်။ မြန်မာသင်္ဘာသားများကတော့ ယခု လိုလိုင်စင်အတုများနဲ.အဖမ်းခံရတဲ့အပေါ်လုံးဝ စိုးရိမ်မှုမရှိကြောင်း အဘယ့်ကြောင့်ဆိုသော်၎င်း တို.ထံတွင် လိုင်စင်အစစ်များရှိ၍ဖြစ်တယ်လို.ဆိုပါတယ်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားရောက်မြန်မာ အလုပ်သမားများအတွက် အခွန်ဆောင်တဲ့နှုံးထားကို ၂ % အထိလျှော့ချထားပေမဲ့ ၆ လသာသက်တမ်းရှိတဲ့အတွက် ပိုမိုသက်တမ်းတိုးဖို.လိုအပ်နေတယ်လို. ကျွန်ုပ်တို. ပါတီက ယူဆပါတယ်။


...

No comments: