Tuesday, October 25, 2011

တောင်ကိုရီးယား နှင့်မဲခေါင်ဒေသ စီးပွားရေးပိုမိုပူးပေါင်းဆောင်ရွက်မည်

                                                                              

..                                 ကီလိုမီတာ ၄၈၀၀ ရှည်လျှားသောမဲခေါင်မြစ်


တောင်ကိုရီးယား နိုင်ငံခြားရေးဌာန အနေဖြင့် မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက် ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမယ်လို. တရားဝင်ကြေငြာချက်ထုတ်ပြန်ပါတယ်။  မြန်မာ၊ ကမ္ဘောဒီယား၊ ထိုင်း၊ဗီယမ်နမ်နဲ. လာအိုနိုင်ငံတွေပါဝင်မှာဖြစ်ပြီး စီးပွားရေးနဲ.ဖွံ.ဖြိုးရေးကိစ္စများ အဓိက ထားဆွေးနွေးမယ်လို.သတင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဟနွိုင်မှာကျင်းပတဲ့ ခေါင်းဆောင်များအဆင့် အရှေ.တောင်အာရှ နိုင်ငံများအစည်းအဝေး မှာ သမ္မတ လီမြောင် ဘက် က အဆိုပြု တင်ပြခဲ့တာဖြစ်တယ်လို.ဆိုပါတယ်။ တောင်ကိုရီးယားဟာ မဲခေါင်ဒေသနဲ. စီးပွားရေးပူး ပေါင်းဆောင်ရွက်ဖို. နိုင်ငံခြားရေး ၀န်ကြီးများအ ဆင့်အစည်းဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။

မဲခေါင်မြစ်ဟာ ကီလိုမီတာ ၄၈၀၀ ကျော်ရှည်လျှားပြီး တရုတ်နိုင်ငံတွင်းက စတင်မြစ်ဖျားခံစီးဆင်းတာဖြစ်ပါ တယ်။ ရေအားလျှပ်စစ် ထုပ်လုပ်မှု နဲ. အခြား ရေအရင်းအမြစ်များ အတွက် အရေးပါတဲ့ မြစ်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသ ဟာလည်း တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာနေတဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ရရှိနေ တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ. မဲခေါင် ဒေသ ၅ နိုင်ငံတို.ဟာ ပြီးခဲ့တဲ့နှစ်မှာ ကုန်သွယ်မှု ၂၅ ဘီလီယံအထိရှိခဲ့ပြီး ၁၉၉၀ ခုနှစ် က ကုန်သွယ်မှု ၁.၅ ဘီလီယံထက်စာရင် အဆများစွာ တိုးတက်လာတယ်လို. တောင်ကိုရီးယား နိုင်ငံခြားနေရေးဌာနမှ ထုတ်ပြန်ပါတယ်။

မဲခေါင်မြစ်အတွင်း မှာ မြန်မာအပါအ၀င် နိုင်ငံအားလုံးတို.က ရေအားလျှပ်စစ် ထုတ်ယူဖို့အတွက် လုပ်ဆောင် လျှက်ရှိပြီး မြစ်ရဲ့ အထက်ပိုင်းမှာ မီဂါဝပ် ၂၈၉၃၀ ထုပ်လုပ်နိုင်မယ်လို.ခန်.မှန်းပြီး မြစ်အောက် ပိုင်းမှာတော့ မီဂါဝပ် ၃၀ ၀၀၀ လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်မယ်လို.ခန်.မှန်းထားပါတယ်

(မြန်မာ နဲ. လာအို နိုင်ငံတို.ရဲ့နယ်နမိတ်အဖြစ် မဲခေါင်မြစ်ကိုတွေ.မြင်ရမှာဖြစ်ပါတယ်)



..

No comments: