Wednesday, January 11, 2012

နာရေးကူညီမှု အသင်းသည် ဗမာလူမျိုးတို့၏ အသင်းမဟုတ်ပါ

..

နာရေးကူညီမှု အသင်းဟာ ရန်ကုန်မြို့မှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပေမဲ့ ဗမာလူမျိုးတွေရဲ့ အသင်း လို့တော့ ယူဆဖို့မဖြစ်နိုင်ပါဘူး။ ရန်ကုန်မြို့ မှာ လူမှုရေးအဖွဲ့၊ ဘာသာရေးအဖွဲ့များစွာရှိခဲ့ပေမဲ့ ဗမာ အသင်း ရယ်လို့ သတ်မှတ်လေ့ မရှိပါဘူး။ ဘာသာရေး အသင်းကိုလည်း လူမျိုးပေါင်းစုံတို့ရဲ့ အသင်းလို့ပဲသတ်မှတ်သလို ကျန်လူမှုရေး အဖွဲ့စည်း ပေါင်းစုံတို့ကို လည်း  ဘာသာ ပေါင်းစုံ လူမျိုးပေါင်းစုံတို့ရဲ့ အသင်းလို့ပဲ နားလည်ထားလေ့ရှိကြပါတယ်။ နာရေးကူညီမှုအသင်းကို လဲ လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံတို့ရဲ့ အသင်းလို့ပဲ ကျွန်ုပ်တို့နားလည်ထားပါတယ်။

နာရေးကူညီမှု အသင်းရဲ့ ဆောင်ရွက်ချက်မှာလည်း လူမျိုးမရွေး၊ ဘာသာမရွေး ဆင်းရဲ ချမ်းသာ မရွေး လူအားလုံးကို ကူညီမယ်လို့ သဘောထားရှိမှန်း ကျွန်ုပ်တို့နားလည်ပြီးဖြစ်ပါတယ်။ ရန်ကုန်သားတွေက လည်း ကချင်လူထုကို စာနာစွာဖြင့် ကူညီထောက်ပံ့တယ်လို့ စကားလုံးသုံးရင်တော့ ဖြင့် ဆီလျှော်သော အသုံး ဖြစ်ဖွယ်ရှိပါတယ်။

ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)

ချင်းမိုင်(မဇ္ဈိမ) သတင်းဌာန၏ သတင်းဖေါ်ပြချက်ကို ကိုးကားတင်ပြပါသည်။


ချင်းမိုင်(မဇ္ဈိမ) ။ ။ ဗမာလူမျိုးများက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များအတွက် နာရေးကူညီမှုအ သင်း၏ ဒုတိယအကြိမ်မြောက် အလှူအဖြစ် ကြာသပတေးနေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်း မည်ဖြစ် ကြောင်း အသင်း၏ အမှုဆောင် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ဇီးကွက် က ပြောသည်။

“အန်တီတို့ သူတို့ကို လှူနိုင်တဲ့ဟာက ငွေရေးကြေးရေး ပမာဏက ဘာမှ မရှိပါဘူး။ ဒါပေမယ့် ဘာလို့ သွားရသလဲ ဆိုရင် ကချင်လူမျိုးဒုက္ခသည်တွေကို အန်တီတို့ ဗမာလူမျိုးတွေမက၊ မြန်မာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက သူတို့အပေါ်မှာ Care လုပ်တယ်ဆိုတာကို ပြချင်လို့ သွားတာ အဓိကပဲ”ဟု မဇ္ဈိမကို ပြောသည်။



..

No comments: