ဇန်န၀ါရီလ ၁၆၊ ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာကိုဗဟိုပြု၍ ဆွဲငင်မှုများ ဖြစ်ပေါ်မည် | ![]() | ![]() | ![]() |
Sunday, 15 January 2012 03:52 |
![]() ကမ္ဘာအား ဗဟိုထားကာ တစ် ဖက်တစ်ချက်စီမှ ဂြိုဟ်အချင်းချင်း ဆွဲငင်မှုများသည် ကမ္ဘာ၌ အင်အားကြီးငလျင်များ ဖြစ်ပေါ်နိုင်ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ ၅၁ မိနစ်၌ စနေဂြိုဟ်သည် ကမ္ဘာ့ဘေးဘက် ဂြိုဟ်ပတ် လမ်းကြောင်းကိုရောက်ကာ ကမ္ဘာနှင့် တစ်တန်းတည်း ကျရောက်သည့်အချိန်တွင် စနေဂြိုဟ်နှင့် လတို့လည်း ပူးယှဉ်မည်ဖြစ်သည်။ ကမ္ဘာတစ်ဖက် ခြမ်းရှိ ကြာသပတေးဂြိုဟ်ကလည်း ကမ္ဘာ့အားဆွဲငင်နေမည်ဖြစ်၍ လနှင့်စနေဂြိုဟ်ကလည်း ကမ္ဘာကို ဆွဲငင်မည်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် အနောက်လောင်ဂျီတွဒ် ၁၅၂ဒီဂရီ၅၀ မိနစ်နှင့် တောင်လတ္တီတွဒ် ၀၈ ဒီဂရီ၊ ၄၉မိနစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကယ်ရီဗာရီကျွန်းအနီး၌ ဖြစ်ပေါ်မည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့် အလားတူ ဒုတိယဖြစ်စဉ်သည် ဇန်န၀ါရီလ ၁၈ ရက် နေ့၊ မြန်မာစံတော်ချိန် နံနက်၁၁ နာရီ၊ ၈မိနစ်၌ ဖြစ်ပေါ်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် အကျိုးသက်ရောက်မှုအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ပေါ်မည့်ကာလအတွင်း ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တောင်အမေရိကတိုက်နိုင်ငံအချို့နှင့် သြစတြေးလျနိုင်ငံတို့တွင် ငလျင်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံကိုမူ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း သိရှိရပါသည်။ |
No comments:
Post a Comment