Monday, October 24, 2011

ကိုဇာဂနာမှ NLD အနေဖြင့် သီးခြား ပါတီတစ်ခုကို တည်ထောင်သင့်ကြောင်း အကြံပြု




.
NLD ပါတီမှတ်ပုံတင်ရေးမတင်ရေးကရန်ကုန်တွင် ပြောစရာတစ်ခုလိုဖြစ်နေ၏။ မောင်ဝံသလို ရဲရဲတောက် များ ကပါ မှတ်ပုံတင်ဖို.ပြောနေပြီ။ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို.ပါပြောနေသေး၏။ တစ်ချိန်တုန်းက ရွေးကောက်ပွဲ သပိတ်မှောက်ဖို. ပြောတုန်းကလည်း သူတို.ပင်ဖြစ်သည်။ အတိုက်အခံတွေ လွတ်တော်ထဲပါဝင် နိုင်ဖို. ၅ နှစ် နောက်ကျခဲ့ပြီ။ သို.အတွက် တစ်ချိန်က ရွေးကောက်ပွဲဝင်နိုင်ငံရေး ကိုနွားတင်းဂုတ်နှင့် နှိုင်းသူများ သမိုင်းတရာခံဖြစ်ပြီလား စဉ်းစားကြဖို.ဖြစ်သည်။ နိုင်ငံရေးမူဝါဒတွေနဲ.ပတ်သက်ပြီး ငါနာမည်ကြီး ခေါင်းဆောင် တစ်ယောက်ပဲဆို ပြီး လက်လွတ်စပါယ်ပြောလို.ရပါသလား။ တိုင်းပြည်အတွက် ၅ နှစ်နောက် ကျသွားခြင်းကို ဘယ်သူတာဝန်ယူမည်လဲ။ ထိုသို. ၅ နှစ်နောက်ကျခြင်းကို ငွေကြေးနှင့်တွက်ချက်လျှင် ဒေါ်လာ ဘီလီယံပေါင်းများစွာ နဲ.ညီမျှလိမ့်မည်။ ကလေးတစ်ယောက် ကျောင်းတက်ဖို. ၅ နှစ် နောက်ကျ လျှင် တစ်သက်လုံးစာသင်ဖြစ်မည်မဟုတ်တော့။

NLD အနေဖြင့် ယခင်အခြေအနေက အပြောင်းအလဲများ မသိသာ၍ မှတ်ပုံမတင်သင့်ကြောင်း ယခုတော့ အစိုး၇အနေဖြင့်ပြောင်းလဲလာပြီဖြစ်သဖြင့် မှတ်ပုံတင်ခြင်းမှာ တရားကြောင်း ဆင်ခြေပေးသူကပေး၏။ ၂၀၁၀ NO VOTE လုပ်သည်မှာ မှားယွင်းသော နိုင်ငံရေးရွှေ.ကွက်ဖြစ်ကြောင်းမည်သူမျှဝန်မခံကြ။ အခုမှ အရှက်ပြေ ဆင်ခြေမျိုးစုံဖြင့် မှတ်ပုံတင်ရေး ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးနှပ်ကြောင်းပေးနေကြပြီ။

NLD နေဖြင့် ကြားခံပါတီတစ်ခုကိုတည်ထောင်သင့်ကြောင်း လူရွှင်တော်ဇာဂနာကလည်း NLD သို. အကြံပြု သည်ဟုလည်းသိရပါသည်။ လူငယ်များကိုစည်းရုံးရန်အတွက်ဟု ဇာဂနာ ကထောက်ပြခဲ့၏။ ဇာဂနာ ကိုယ်တိုင် ပါတီတစ်ခု မှတ်ပုံတင် မည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ လည်းထွက်ပေါ်လျှက်ရှိ ပါသည်။ ကျွန်ုပ်တို.ပါတီမှလည်း ကိုဇာဂနာအား ပါတီနိုင်ငံရေးလုပ်ခဲ့လျှင် NLD နှင့် မပူးပေါင်းပဲ ကျွန်ုပ်တို.ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားပါသည်။ NLD နှင့်ပေါင်းလျှင် ကိုဇာဂနာ တစ်ယောက် NLD ၏ ဒုက္ခ များကို ခံစားရမည်။

NLD က ပြဿနာ  ၂ ခုနှင့်ရင်ဆိုင်နေရ၏။ တစ်ခုက ၂၀၁၀ ကို ငြင်းဆန်ခဲ့ခြင်း၏ အမှားကို ဘယ်လိုဖာ ထေးရမည်လဲဟူသော ပြဿနာဖြစ်ပြီး နောက်တစ်ခုကတော့ ဂုဏ်သိက္ခာရှိစွာဖြင့် မှတ်ပုံတင်နိုင်ရေးဖြစ်၏။ မည်သို.ပင်ဖြစ်စေ တိုင်းပြည်ကတော့ ၅ နှစ်နောက်ကျခဲ့ပြီ။ နိုင်ငံရေးလောက တစ်ခုလုံး ၂၀၁၀ သပိတ် မှောက်ရင်း ၂၀၁၅ ကို လှမ်းမျှော်နေရသည်.ကိန်းဆိုက်ခဲ့ပြီ။ ကြားဖြတ်ရွေးကောက်ပွဲကစုစုပေါင်းမှ နေရာ ၄၀ ကျော်လောက်သာရှိ၏။ ဒီကြားထဲ နိုင်ငံတကာစီးပွားပိတ်ဆို.မှုများကို ဆက်လက်ထားရှိရန် NLD မှကြိုးပမ်းနေသေး၏။ ပြည်သူကို အငတ်ထား၍ တော်လှန်ရေးလုပ်သည့်နည်းနာ ကို မစွန်.လွှတ်နိုင်သေး။

မည်သူကလက်ခံချင်သည်ဖြစ်စေမခံချင်သည်ဖြစ်စေ NLD သည် သမိုင်းတရားခံဖြစ်၍ နေလေ ပြီ။ ဒေါ်အောင်ဆန်း စုကြည်သာ မရှိလျှင် NLD သည် သတင်းထဲတွင်ပါနိုင်မည်မဟုတ်တော့။ ဒေါ်အောင်ဆန်းစု ကြည် NLD အား ကယ်တင်လျှင် သမိုင်းတွင် ပြဿနာရှိသည်။ မယုံလျှင် NLD ကိုကယ်တင်ကြည့်ပါ။ ကိုမင်း ကိုနိုင် ၊ ကိုဇာဂနာတို.အားလည်း အသိပေးလိုက်ပါ၏NLD ကို ကယ်တင်လျှင် NLD နှင့် အတူ ပျက်သုန်းမည် ။ ပါတီနိုင်ငံရေးလုပ်ဖို.လိုသည်ဟုယုံကြည်လျှင် NLD နှင့် မပူးပေါင်းပဲ မိမိကိုယ်တိုင် ပါတီထောင်ရန်သာဖြစ်ပြီး။ ကျွန်ုပ်တို.ပါတီသို. ပါဝင်ဆောင်ရွက်ပါရန်လည်း တရားဝင်ဖိတ်ခေါ်အပ်ပါသည်။



..




3 comments:

Nge Naing said...

ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေနဲ့ 2010 ရွေးကောက်ပွဲကို NO VOTE လုပ်ခဲ့တဲ့သူတွေ ဘာမှမမှားဘူး။ ရွေးကောက်ပွဲဝင်ခဲ့သူများ အခုဘာလုပ်နိုင်လဲ။ လွှတ်တော်ထဲမှာ ပုပ်သင်ညိုတွေ ဖြစ်နေကြတာပဲ မဟုတ်လား။ အခု ပြောင်းလဲလာတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်မြင်ရှိရှိနဲ့ ဆွေးနွေးညှိနိုင်းလာလို့ ပြောင်းလဲလာတာ။ သိထားဖို့က ဒီမိုကရေစီအတွက် အသက်ပေးဘ၀ပေး လုပ်လာခဲ့သူတွေကို ထုတ်ပစ်ပြီးမှ ၀င်ရမည့် ရွေးကောက်ပွဲမျိုးကို NLD မ၀င်တာ လုံးဝ လုံးဝ လုံးဝ မှန်တယ်။ ၀င်တဲ့သူတွေ (အထူးသဖြင့် NLD ကနေ ခွဲထွက်ပြီး ၀င်တဲ့သူတွေ) လုံးဝ လုံးဝ လုံးဝ မှားတယ်။ တိုင်းရင်းသားအဖွဲ့တွေကိုကျတော့ ရွေးစရာလမ်းမရှိလို့ ၀င်တာ နားလည်လို့ရတယ်။

Anonymous said...

Nge Naing ဆိုတဲ့ ချီးပေမကြီးကလည်း နေရာတကာ ပါနေပါလား..သူဘဲ သိသလို တတ်သလိုနဲ့ နောက်ဆုံးတော့ ဘာမှ လည်း မဟုတ်ဘူး..နောက်ဆုံးတော့ မလေးရှားက စားပွဲထိုး မိုးသွေးငယ်(ခ) ကိုလတ်နဲ့ ဖောက်ပြန်နေတာ

May Yi said...

မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီက ၂၀၁၁ စက်တင်ဘာ ၁၄ ရက်စွဲနဲ့။ ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒမ ၁၂(ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည် ဆိုတဲ့ ပါတီစာရင်း နံပါတ် (ဂ)မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ၊မှတ်ပုံတင်အမှတ်စဉ်(၃၄)
Myanmar Democracy Congress ဆိုပြီးပါတယ်လေ၊
နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားပြီ မဟုတ်လား။ ကိုဇာဂနာက ပါတီဝင်မယ်ဆိုရင် ပျက်ပြီးသား ပါတီတော့ ၀င်မှာ မဟုတ်ဘူး၊ ၀င်ရင်တောင် ပျက်ပြယ်ပြီးလို့ ပြောနေပေမယ့် လူထုထောက်ခံမှုရှိနေတယ်ဆိုတာကို မြင်ရတဲ့ NLD ပဲ ၀င်မှာပေါ့၊ နေရာ ၃ နေရာတောင် မပြိုင်နိုင်တဲ့ ပါတီကိုတော့ ၀င်မယ်မထင်ဘူး၊

နောက်တခုက ဟိုပါတီ။ ဒီပါတီနဲ့ မပေါင်းနဲ့ လို့ ကလေးဆန်ဆန်ပြောနေမယ့်အစား ဒီမိုကရေစီရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရင် အကောင်းဆုံးဖြစ်ပါတယ်၊

http://www.mizzimaburmese.com/special/research/6041-2010-09-15-07-46-57.html

ဒီဘလော့မှာ တင်ထားတဲ့ ပို့တွေကို ဖတ်ပြိး ဘယ်လို ပါတီမျိုးလဲဆိုတာ သိချင်လို့ အွန်လိုင်းမှာ တတ်ရှာရင်းနဲ့ မဇ္ဇျိမ က ဒီလင့်ခ်ကို တွေ့တာပါ၊